Android Rootအကြောင်းသိထားစရာ

 🌟အမေးရှိ၍

ဖြေပေးလိုက်ပါတယ်

Root အကြောင်းသိကောင်းစရာများ

.

Root ဆိုတာဘာလဲ..Android ကိုဘာကြောင့် Root လုပ်ကြတာလဲ

Android မွာ root လုပ်တာဆိုတာ ဘာလဲ …… ?

ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။

root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။

Android OS က linux အသုံးပြုရေးသားထားတဲ့ system တစ်ခုပါ။


” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။

သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။

root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့

custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့

အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။


အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။

root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ

အသုံးပြုနိူင်သလို လိုအပ်သလိုလဲပြုပြုနိူင်ပါတယ်။


ဥပမာအနေနဲ့ နိူင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။

Root လုပ်လိုက်တဲ့အတွက် သင့် ဝယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators

တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။

ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိူင်ပါဘူး။

ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိူင်ပါတယ်။


အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို

Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။

သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်

သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်


၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။

၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့

သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။

၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း

guide ရှိဖို့လိုပါတယ်။

သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့

အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။

၄. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။

၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။


Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ


1. Total control over system

root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိူင်ပါတယ်။

root လုပ်ထားတဲ့ ဖုန်းကို ဝင်ရောက်ပြီးတော့ system file လေ့လာနိူင်သလို၊ system file တွေကို

တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိူင်ပါတယ်။

( ဥပမာ : Android phone / tablet ကို root လုပ်ပြီး

system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိူင်ပါတယ် )


2. Remove Unwanted apps

ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။

တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့

phone memory ကိုအလဟဿဖြစ်စေပါတယ်။

ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့

applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိူင်ပါတယ်။


3. Change Themes

ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။

နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။

ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက

ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့

သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။


4. Backup Whole System

Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ

သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။

အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး

SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?

OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။

သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။

သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။


5. Installing Special Applications

Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications

တွေကို သင့် install ပြုလုပ်နိူင်ပါတယ်။

( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )

အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိူင်ပါတယ်။


6. Install New ROM , Interference

သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)

အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို

ချိန်းပြီးသုံးနိူင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့

ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိူင်ပါတယ်။

အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။

ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း

အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။


သင့်ဖုန်းကို Root ဘယ်လိုလုပ်မလဲ ?

ဖုန်းအမျိုးအစားအလိုက် Root လုပ်နည်းတွေမတူကြပါဘူး။

လက်ရှိအနေအထားမှာတော့ ဗားရှင်းနိမ့်တဲ့ဖုန်းတွေဟာ Root လုပ်ရတာလွယ်ကူပြီး

အခုနောက်ပိုင်းမှထွက်ရှိလာတဲ့ ဖုန်းဗားရှင်းအမြင့်တွေမှာတော့ Root လုပ်ရတာခက်တယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

ကိုယ်ကိုင်နေတဲ့ဖုန်းရဲ့ဗားရှင်းကိုကြည့်ချင်တယ်ဆိုရင်တော့ ဖုန်းရဲ့ Settings ထဲကိုသွားပြီး About/About Phone/About Device ထဲကိုဝင်ပြီး

Android Version ဆိုတဲ့နေရာမှာသင့်ရဲ့ဖုန်း ဗားရှင်းကိုတွေ့မြင်နိုင်ပါတယ်။

နောက်ပြီး Model Number/Name ဆိုတဲ့ကောင်က သင့်ဖုန်းရဲ့မော်ဒယ်အမည်ပါ။

အဲ့ဒီမော်ဒယ်အမည်နဲ့သင့်ဖုန်းကို Root လုပ်ချင်တယ်ဆိုရင် ဖုန်းထဲက Browser တစ်ခုခုထဲကိုသွားပြီး

Address ဘားကနေ www.google.com ကိုသွားလိုက်ပါ။

ပြီးရင် how to root သင့်ဖုန်းမော်ဒယ်အမည် အဲ့လိုရိုက်ထည့်ပြီး ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Root လုပ်နည်းများကိုတွေ့မြင်နိုင်ပါတယ်။

(မြန်မာလိုနဲ့လည်းရှာနိုင်ပါတယ်၊ သို့သော်အင်္ဂလိပ်ရှာရင်တော့ ပိုပြည့်စုံပါတယ်၊ မြန်မာလိုဆိုမတွေ့နိုင်တဲ့ဖုန်းတွေအများအပြားရှိပါလို့ပါ :)

တချို့ဖုန်းတွေကတော့ဖုန်းထဲမှာတင် အစွမ်းထက်တဲ့ Kingroot, iRoot, BaiduRoot, 360Root တို့နဲ့အလွယ်တကူ Root လုပ်နိုင်ပါတယ်။

အချို့ဖုန်းအမြင့်တွေမှာတော့ ကွန်ပျူတာအသုံးပြုပြီး Root လုပ်ရပါတယ် :D

ဒီလောက်ဆိုရင် Root နဲ့ပတ်သက်ပြီးပြည့်စုံပြီထင်ပါတယ် ;)

အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။


Credit : Original Author

#စုံစီနဖာနည်းပညာ 

#elစက်ပြင်လက်စွဲ 

#NewVersion



Comments

Popular posts from this blog

How to ztranslate - translate videos subtitle အင်္ဂလိပ်ဇာတ်ကားနှင့်အခြားကားများကိုမြန်မာဘာသာပြန်နည်း

လိုင်းထစ်ရင်၀င်ဖတ်ပေးပါ

လုံးဝဖြေမရတော့တဲ့ Copy Right and Statement Of Rights and Responsible အကောင့်ကို fb teamသို့တိုက်ရိုက်အကြောင်းကြားပြန်တောင်းယူရန်လင်စ့်