Sketware Basic

 SK (1) : View, Event, Component

========


Sketchware App ထဲမှာ Project တခု create လုပ်လိုက်ရင်၊ Project ထဲကို ဝင်လိုက်ရင် View, Event, Component ဆိုတဲ့ Tab ၃ခုကို တွေ့ပါမယ်။


========

(A) View

========


ဒီနေရာက UI အပိုင်း လုပ်ဆောင်တဲ့ နေရာဖြစ်ပါတယ်။ ဘယ်ဘက် Panel ထဲက Layout, View, Widget တခုခုကို drag ဆွဲထည့်ရပါတယ်။ သူတို့ရဲ့ id, width, height, color စတဲ့ attributes တွေကိုလည်း သတ်မှတ်ပေးနိုင်တယ်။


========

(B) Event

========


ဒီနေရာက Activity ရဲ့ Event တွေ၊ View တွေရဲ့ Event တွေ၊ Component တွေရဲ့ Event တွေ၊ Drawer ထည့်ထားရင် Drawer ဖွင့်၊ ပိတ်၊ item select event တွေ ပါဝင်ပါတယ်။ Event method တွေ ဖြစ်ပါတယ်။ Block တွေ ချိတ်ဆက်ပြီး code တွေ လုပ်ဆောင်ဖို့ ဆိုရင် ဒီ Event method တခုခုထဲကို ဝင်ပြီးမှ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


Event Tab ထဲမှာ More Block ဆိုတာ တွေ့ပါမယ်။ သူ့သဘောတရားကတော့ ကိုယ့်စိတ်ကြိုက် Java Method တွေ ထပ်ထည့်တာ ဖြစ်ပါတယ်။ နောက်ပိုင်း ဆွေးနွေးပါမယ်။ Block တွေ ချိတ်ဆက် ဖန်တီးရတယ်။ ပြီးရင်တော့ အဲဒီ Method block ကို အထက်က Event method ထဲမှာ ရယူအသုံးပြနိုင်ပါပြီ။


========

(C) Component

========


Component ဆိုတာက Request network, Timer, Dialog စတဲ့ Android API အပိုင်းတွေ ဖြစ်ပါတယ်။ အဲဒီ Component တွေကို ကိုယ့် Project မှာ ထည့်သွင်းလိုက်ရင်၊ Event Tab ထဲမှာ သူတို့ရဲ့ Event method တွေ ပေါ်လာပါမယ်။ 


ဥပမာ


RequestNetwork (HTTP Request တွေ လုပ်ဖို့သုံး) component ထည့်လိုက်ရင် Event Tab ဘက်မှာ


onResponse()

onErrorResponse()


ဆိုတဲ့ Event method တွေ ပေါ်လာပါမယ်။ အဲဒီ method တွေထဲဝင်ပြီး၊ Block တွေ ချိတ်ဆက် အလုပ်လုပ်နိုင်တယ်။


========


🐙🎶












Comments

Popular posts from this blog

How to ztranslate - translate videos subtitle အင်္ဂလိပ်ဇာတ်ကားနှင့်အခြားကားများကိုမြန်မာဘာသာပြန်နည်း

လိုင်းထစ်ရင်၀င်ဖတ်ပေးပါ

လုံးဝဖြေမရတော့တဲ့ Copy Right and Statement Of Rights and Responsible အကောင့်ကို fb teamသို့တိုက်ရိုက်အကြောင်းကြားပြန်တောင်းယူရန်လင်စ့်