Sketware Basic 2

 SK (2) : Configuration Menu

========


Sketchware Project တခု ပွင့်နေချိန်မှာ ညာဘက်ထိပ်ဒေါင့်က (အစက်၃စက်) Configuration Menu ကို ဖွင့်ပြီး အထူးလုပ်ဆောင်ချက်တွေ လုပ်နိုင်ပါတယ်။ Sketchware Pro Version 6.4.0 မှာ ပါဝင်တဲ့ Menu item တွေက အောက်ကအတိုင်း ဖြစ်ပါတယ်။ (ပိုနိမ့်တဲ့ Version တွေမှာ တချို့ Item တွေ မပါ။)


========

(A) Library

========


- AppComoonent & Design lib component တွေ ထည့်သွင်း အသုံးပြုနိုင်တယ်။ AndroidX ဖြစ်ပါတယ်။


- Firebase Database နဲ့ Firebase Auth ကို ထည့်သွင်း အသုံးပြုနိုင်တယ်။


- Admob ကို ထည့်သွင်း အသုံးပြုနိုင်တယ်။


- Google Map ကို ထည့်သွင်း အသုံးပြုနိုင်တယ်။


========

(B) View

========


Activity အသစ်တွေ ထပ်ထည့်နိုင်တယ်။ StatusBar, Toolbar, Drawer, FAB တွေ ထည့်/ဖြုတ်နိုင်တယ်။ Screen orientation သတ်မှတ်နိုင်တယ်။ Keyboard ဖော်/ဖျောက် နိုင်တယ်။


ListView နဲ့ Spinner ထဲက item layout အတွက် Custom View တွေ ဖန်တီးနိုင်တယ်။


========

(C) Image

========


icon နဲ့ Image ပုံတွေ ထည့်သွင်းဖို့။


========

(D) Sound

========


Music နဲ့ Sound file တွေ ထည့်သွင်းဖို့။


========

(E) Font

========


Font file တွေ ထည့်သွင်းဖို့။


========

(F) Java

========


‌ေရးပြီးသား .java ဖိုင်တွေ ထည့်သွင်းဖို့။ Java ဖိုင် အသစ်ရေးဖို့။


========

(G) Resource

========


anim, drawable, layout, menu, values ဖိုင်တွေ ဖန်တီး၊ ထည့်သွင်းဖို့။


========

(H) Asset

========


assets folder ထဲမှာ ဖိုင်တွေ ဖန်တီး၊ ထည့်သွင်းဖို့။


========

(I) Permission

========


AndroidManifest မှာ Permission တွေ ထည့်ဖို့။


========

(J) AppCompat

========


AppCompat အစိတ်အပိုင်းတွေ ဖြစ်တဲ့ Toolbar, AppBarLayout, CoordinatorLayout, FAB, DrawerLayout, NavigationDrawer တွေကို စိတ်ကြိုက် ပြင်ဆင်ဖို့။


========

(K) AndroidManifest

========


AndroidManifest မှာ စိတ်ကြိုက် ပြင်ဆင် ထည့်သွင်းမှု လုပ်ဖို့။


========

(L) Custom Blocks

========


ကိုယ်ဖန်တီးထားတဲ့ Custom Blocks တွေ ကြည့်ဖို့။


========

(M) Native Library

========


.so Native lib တွေ ထည့်သွင်းဖို့။


========

(N ) ProGuard

========


ကိုယ့် Project ကို Compile လုပ်တဲ့အခါ Code အလွယ်တကူ ပြင်ဆင်၊ ခိုးယူတာ ကာကွယ်ဖို့။ Obfuscation လုပ်ဖို့။


========

(O) String Fog

========


String တွေကို အလွယ်တကူ ဖြည်ချ ဖတ်လို့မရအောင် Encrypt လုပ်ဖို့။


========

(P) Show Source Code

========


ကိုယ့် Project ထဲက Java, xml source code တွေ ဖွင့်ကြည့်ဖို့။


========

(Q) Direct Code Editor

========


ကိုယ့် Project ထဲက Java, xml source code တွေကို တိုက်ရိုက် Edit လုပ်ဖို့။


========

(R) Collection

========


Sketchware Main App မှာပဲ ထားပြီး၊ Project အားလုံးမှာ ရယူအသုံးပြုနိုင်တဲ့ Image, Sound, Font, Widget, Block, MoreBlock တွေ ထည့်သွင်းဖို့။


========


🐍🎶

#CrdOrginalUploader 

#စုံစီနဖာနည်းပညာ 

#electronicနည်းပညာ 

#freeversion 

#paidversion





Comments

Popular posts from this blog

How to ztranslate - translate videos subtitle အင်္ဂလိပ်ဇာတ်ကားနှင့်အခြားကားများကိုမြန်မာဘာသာပြန်နည်း

လိုင်းထစ်ရင်၀င်ဖတ်ပေးပါ

လုံးဝဖြေမရတော့တဲ့ Copy Right and Statement Of Rights and Responsible အကောင့်ကို fb teamသို့တိုက်ရိုက်အကြောင်းကြားပြန်တောင်းယူရန်လင်စ့်